Thursday, September 6, 2012

Theory of Machines


Mechanical Engineer တစ်ယောက် မဖြစ်မနေ သိသင့်တဲ့ စာအုပ်တစ်အုပ်ကို ကံအားလျော်စွာပဲ gigapedia.org ကနေ ရလိုက်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလို စာအုပ်မျိုး တစ်အုပ် ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် ဒီစာအုပ်လောက် မစုံလင်ပါဘူး။ Visual effect တွေနဲ့ မြင်သာအောင် ရေးသား တင်ပြထားတာ ဖြစ်တဲ့အတွက် အင်မတန် ကောင်းတဲ့ စာအုပ်လို့ ပြောပါရစေတော့။ ကောင်းတာလေးတွေကို မျှဝေပေးချင်တဲ့ စေတနာကြောင့် ချက်ချင်း ဝေမျှလိုက်တာ ဖြစ်ပါတယ်။ စာအုပ်လေးကို ဒီနေရာမှာ ရယူနိုင်ပါတယ် ခင်ဗျား။
Review
    Governor တွေကို အမျိုးအစားအားဖြင့် Centrifugal type၊ Spring type စသဖြင့် အသေးစိတ် ရှင်းလင်း တင်ပြထားပါတယ်။ အသုံးဝင်ပုံ၊ Control ပြုလုပ်ပုံ စတာတွေကို သီအိုရီ၊ Calculation တို့နှင့် တကွ လွယ်ကူအောင် ဓာတ်ပုံများ၊ ဖြတ်ပိုင်းပုံ နှင့် free diagram ပုံများ အသုံးပြု၍ ကျောင်းသားများ မြင်သာအောင် တင်ပြထားတာ တွေ့ရပါတယ်။
     Balancing အပိုင်းမှာလည်း Static Balancing၊ Dynamic Balancing စသဖြင့် ခွဲခြား ရှင်းပြထားပါတယ်။ တစ်ခုခြင်းစီရဲ့ ထူးခြားတဲ့ အချက်တွေ၊ သီအိုရီ၊ တွက်ချက်မှုများကို Single Plane၊ Multi Plane တို့တွင် တွယ်ချိတ်ထားသော Mass များကို how to balance ဖြစ်ရန် Vector Methods များနှင့် တကွ အခြေခံကျကျ ရှင်းလင်းထားပါသည်။     
download link 

No comments:

Post a Comment