skip to main |
skip to sidebar
မြန်မာ့ ပထမဆုံး စက်ရုပ်
စက်ရုပ်လို့သိထားကြတဲ့
(Robot)ဆိုတဲ့စကားလုံးကို ၁၉၂၀ပြည့်နှစ်က ချက်ကိုစလိုဗက်ကီးယားစာရေးဆရာ
Karel Capekက သူ့ရဲ့ပြဇာတ် "Rossum's UniversalRobots"မှာ
စတင်အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။ Robotဟာ robota ဆိုတဲ့စကားလုံးက
ဆင်းသက်လာတာဖြစ်ပြီး ချက်ဘာသာစကားအရ အလုပ်ကိုတကုပ်ကုပ်လုပ်နေရတဲ့
အလုပ်သမား၊ စလိုဗက်ခ်ဘာသာ စကားအရ အလုပ်လို့ဆိုလိုကြောင်း သိရပါတယ်။
မှတ်တမ်းများအရ
ရှေးဦးစက်ရုပ်ကို ၁၇၇၀ခုနှစ်မှာ ဆွစ်လူမျိုး နာရီလုပ်သူ နိုင်ရာရီ
ဂျက်ကွက်ရက်က တည်ဆောက်ခဲ့တယ် လို့ဆိုပါတယ်။ အဲဒီစက်ရုပ်ဟာ
စာရေးတဲ့စက်ရုပ်ဖြစ်ပြီး စာလုံးလေး ဆယ်ကျော်ရေး သားနိုင်ပါတယ်တဲ့။ ဒါပေ
မယ့် ရှေးဦးစက်ရုပ်တွေထဲက ကျွန်တော်သဘောအကျဆုံးစက်ရုပ်ကတော့ ဂျပန်ပညာရှင်
တစ်ဦးတီထွင် ခဲ့တဲ့ လူတူစက်ရုပ်ဖြစ်ပါတယ်။
ဂျန်အက်ဒီဆင်လို့
ခေတ်လူများကခေါ်ဝေါ်ကြတဲ့ ဂျပန်လက်မှုပညာရှင် ဟီဆာရှီဂျီ တာနာကာ တီထွင်ခဲ့တဲ့
လူတူစက်ရုပ်ပါ။ အဲဒီစက်ရုပ်ဟာ လက်ဖက်ရည်ခွက်တွေကို စားပွဲဝိုင်းတွေဆီ
လိုက် ပို့ပေးနိုင်သ လို မြှား ကျည်တောက် ထဲက မြှားကိုလည်း
ထုတ်ယူပစ်ခတ်နိုင်တယ်၊ ဂျပန်အက္ခရာတွေကိုလည်း ရေးသားနိုင်တယ်လို့ သိရပါတယ်။
ကျွန်တော်
တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို
လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာ တစ်ဦးက
အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။
မြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ဦးကြည်
ဆရာဦးကြည်ကို
၁၉၃၄ခုနှစ်၊ဇွန်လ၊၁ရက်နေ့၊ထားဝယ်မြို့မှာ ဖွားမြင်ခဲ့ပြီး ငယ်စဉ်က
ထားဝယ်မြို့ အထက် တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
ဆယ်တန်းအောင်မြင်ပြီးတဲ့နောက်မှာ ဆရာဟာ အင်းစိန် စက်မှုလက်မှု သိပ္ပံမှာ
မြို့ပြ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ ဒါပေမယ့်ဆရာဟာ
စက်မှုအင်ဂျင်နီယာဘာသာရက်ကို ပိုစိတ်ဝင် စားခဲ့တယ် လို့ဆိုပါတယ်။
၁၉၅၄ခုနှစ်မှာ ဆရာဟာ အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ
A.G.T.I(civil)ဒီပလိုမာဘွဲ့ရရှိပြီး အဲဒီကျောင်းမှာပဲ နည်းပြအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်ပိုင်း
ဆရာဟာ ကလောစက်မှုလက်မှုသိပ္ပံမှာ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်
အမေရိကန် ကို နှစ်ရှည်သင်တန်းတက်ရောက်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာသင်ယူရင်းနဲ့ ဆရာဟာ စက်ရုပ်တီထွင်ဖို့အကြံရခဲ့တာလို့
ဆိုပါတယ်။
ဆရာဟာ
နိုင်ငံခြား ကပြန်လာပြီးတဲ့နောက် အင်းစိန်စက်မှုလက်မှုသိပ္ပံမှာ
တာဝန်ထမ်းဆောင်ရင်း စက်ရုပ်တီထွင်ဖို့ စလုပ်ပါတယ်။ ဆရာဟာ တပည့်တွေကို
စာသင်ကြားပေးရင်းနဲ့ သက်ဆိုင်ရာစာအုပ်စာတမ်းများကို ရှာဖွေလေ့လာ ဖတ်ရှုရင်း
တပည့်တွေ အကူအညီနဲ့ အသုံးပြုမယ့် စက်ကိရိယာတွေ ရှာဖွေစုဆောင်းပါတယ်။
အဆင်သင့်ဖြစ် သွားတဲ့အချိန် ၁၉၈၆ ခုနှစ်ကျောင်းဆင်းချိန်မှာ ဆရာဟာ
ဝါသနာပါတဲ့ကျောင်းသားတွေကို စုစည်းပြီး စက်ရုပ်ကို စတင်တီထွင်
တပ်ဆင်ကြပါတယ်။ စက်ရုပ်အတွက်ကုန်ကျစရိတ်အားလုံးကို ထိုစဉ်က
စက်မှု၊စိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနက စိုက်ထုတ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ခြောက်လအကြာမှာ ဆရာတို့အဖွဲ့ဟာ စက်ရုပ်တစ်ရုပ်ကို
အောင်မြင်စွာတီထွင်နိုင်ခဲ့ကြပါတယ်။
အဲဒီစက်ရုပ်ကို မော်တော်ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုဖို့ ရည်ရွယ်တီထွင်ခဲ့တာပါ။
အဲဒီစက်
ရုပ်ဟာ ကောင်းမွန်စွာထိုင်နိုင်၊ထနိုင်၊လမ်းလျှောက်နိုင်ပြီး
ဆေးမှုတ်တဲ့နေရာမှာလည်း တိကျသေချာ တယ်လို့ဆိုပါတယ်။ ၁၉၈၆ခုနှစ်
ပြည်ထောင်စုပြပွဲမှာ ပြသခဲ့တဲ့အခါ လူကြိုက်အများဆုံးတီထွင်မှုဖြစ်ခဲ့ပါတယ်။
ဆရာဟာ အဲဒီစက်ရုပ်မထွင်ခင်ကတည်းက အလိုအလျောက် ဖွင့်ပိတ် တံခါး၊
နိုင်ငံခြားမှာ ယခုတိုင် သုံးနေကြဆဲ ကော်ဖီရောင်း စက်ကဲ့သို့သော
လက်ဖက်ရည်ရောင်းစက်၊ Remote controlမော်တော်ကားတို့ကိုလည်း
တီထွင်ခဲ့ပြီးဖြစ်ပါ တယ်။ Remote controlဆိုတာ မြန်မာမပြောနဲ့ ကမ္ဘာမှာတောင်
သိပ်မတွင်ကျယ်သေးတဲ့အချိန်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်
အာလူးအကောင်းနဲ့အပုပ်ရွေးတဲ့စက်၊ ဘီစကွတ် အမျိုးအစား အဆိုး အကောင်းရွေးတဲ့
စက်တွေလည်း တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာဆရာဟာ စက်ရုပ်ကို လူတို့ရဲ့
အမိန့်ပေး စကား နာခံနိုင်စေရန် နဲ့ စကားပြန်လည်တုံ့ပြန်ပြောဆိုနိုင်ဖို့
ကြိုးစားခဲ့ပေမယ့် စရိတ်စကကြီးမားခြင်း၊ အားပေး ကူညီမှုနည်း
ပါးခြင်းတို့ကြောင့် လက်လျှော့ ခဲ့ရတယ်လို့ဆိုပါတယ်။
ဆရာရဲ့ပြိုင်ပွဲဝင်စက်ရုပ်ပင်လျှင် ပြိုင်ပွဲမှာပြသဖို့ပဲ ခွင့်ပြုခဲ့တာ
လို့ဆိုပါ တယ်။
ဆရာဟာ
ဆက်လက်ပြီး နိုင်ငံ့ တာဝန်များကို ရာထူးအဆင့်ဆင့် ထမ်းဆောင် ခဲ့ပြီး
အောင်ဆန်း စက်မှုလက်မှု သိပ္ပံနှင့် အထွေထွေပြုပြင်ရေးကျောင်းအုပ်ကြီး အဖြစ်မှ
၁၉၉၄ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ဆရာရဲ့ ဘ၀ တစ်လျှောက် မှာ နိုင်ငံခြား
တိုင်းပြည်များမှ ကုမ္ပဏီတွေက အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့ကြပေမယ့် ဆရာဟာ
လုံးဝထွက် မသွားဘဲ နိုင်ငံအတွက် ပြည်တွင်းမှာပဲ တပည့်တွေကို
ပညာသင်ကြားမွေးထုတ်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီအချိန် တုန်းက စက်ရုပ်
တီထွင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အလုပ်မှန်း လူတိုင်းသိနိုင်ပေမယ့်
ဆရာဦးကြည် ကတော့ အောင်မြင်အောင် လုပ်ဆောင်ပြသွားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ IC(integrated circuit)တွေကိုတောင်
ပေါပေါများများ သိပ်သုံးနိုင်မယ်မထင်ပါဘူး။
Pololu 3pi Robot အကြောင်း ဗွီဒီယို ကြည့်ရှုလိုပါက
http://www.youtube.com/watch?v=s4h_PqIFJEQ&list=UUyy5vidqThtn7XqV-1phoyA&index=4&feature=plcp
ကျွန်တော်
တို့မြန်မာနိုင်ငံမှာလည်း စက်မှုလုပ်ငန်းသုံးပြည်တွင်းဖြစ်လူတူစက်ရုပ်ကို
လွန်ခဲ့တဲ့နှစ်များစွာအတွင်း အင်ဂျင်နီယာ တစ်ဦးက
အောင်အောင်မြင်မြင်တီထွင်နိုင်ခဲ့ဖူးပါတယ်။
အဲဒီမြန်မာ့ရှေ့ဆောင်စက်ရုပ်ပညာရှင်ကတော့ ဦးကြည်ဆိုသူဖြစ်ပါတယ်။
wytu မှ ရယူထားပါသည်။
No comments:
Post a Comment