Friday, September 14, 2012

Pathein Technological University

ကျွန်တော့်တို့တက္ကသိုလ်အကြောင်း သိပ်ထွေထွေထူးထူး မပြောလိုပါဘူး ပြောချင်တာတစ်ခုက ကျွန်တော့်တို့တက္ကသိုလ်က ထွက်သမျှ ကျောင်းသားကျောင်းသူလိုလို စာရေးဆရာ ကဗျာဆရာ အဆိုတော် တေးရေးဆရာတွေ ဖြစ်ကုန်တာ တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် နည်းပညာကျောင်းသားတွေ နည်းပညာနှင့် အဆက်အသွယ် မပြတ်စေရန်သော်လည်းကောင်း ၊ နည်းပညာနှင့် ပတ်သက်သော အခြားအကြောင်းအရာများကို နက်နက်နဲနဲ သိစေလိုစေရန်အတွက်သော်လည်းကောင်း ဒီ ပုသိမ်နည်းပညာတက္ကသိုလ် blog ကို ရေးသားခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတိုင်း အလိုရှိရာ အကြောင်းအရာများကို သိရင်ပြောကြားခြင်း ၊ မသိရင် သိသူများအား လိုက်လံမေးခြင်းဖြင့် အခက်အခဲကို ဖြေရှင်းပေးမည် ဖြစ်ပါသည်။ နည်းပညာနှင့် ပတ်သက်သောအကြောင်းများနှင့် အခြားသိအပ်သော အကြောင်းအရာများကို ရေးသားသွားမည် ဖြစ်ပါကြောင်း ပြောဆိုအပ်ပါသည်။ ပုသိမ်နည်းပညာတက္ကသိုလ် သည် ပုသိမ်မြို့နှင့် 7 မိုင်ကျော်ဝေးပြီး ကံကုန်းအနားတွင်တည်ရှိသော ကန်ကြီးထောင့်အပိုင် နယ်မြေထဲတွင် တည်ရှိပါသည်။ မီးရထားလမ်း၏ တစ်ဘက်တွင် ရှိသည်။ အနောက်ဘက်တွင် စိမ်းမြမြလယ်ကွင်းပြင်တွေ ရှိပါသည်။ ကျောင်းကြီးသည် အလွန်လွတ်လပ်စွာ သွားလာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လာကြည့်မှသိပေလိမ့်မည်။ ထိုသို့ မြို့နှင့် ဝေးလံစွာ လာရောက်သင်ယူကြသော ကျောင်းသားကျောင်းသူများ ဗဟုသုတအမြင်များ ရရှိဖို့အတွက် ဒီဆိုဒ်ကလေးက ကူညီပေးမည်ဖြစ်ပါသည်။

No comments:

Post a Comment