Saturday, September 29, 2012

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်


အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။



(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။
Soe Soe Diray Site မှ

Read more »

Computer Virus ကာကွယ်နည်းများ


ဦးအေးကိုကိုရဲ့
စာအုပ်လေးပါ။  ဒီစာအုပ်ထဲမှာဆိုရင် ဗိုင်းရပ်စ်တွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို သိရမယ်။ ဗိုင်းရစ်တွေဟာ ဘယ်လိုမျိုး ပုန်းခိုပြီး ဘယ်လိုနေရာမှာ ကပ်နေတတ်လဲဆိုတာက အစသိရမှာဖြစ်ပါတယ်။
က Down ဗျာ
Read more »

Using Laptops

Using Laptops ဆိုတဲ့စာအုပ်လေးပါ။ စာအုပ်လေးဆိုပြီး စာအုပ်ကမလေးဘူးနော်။ လေ့လာမှ တန်ရုံကျမှာ Beginner တွေအတွက်အထူးသင့်တော်မယ့် စာအုပ်လေးပါပဲ။အဆင်မပြေရင် Cbox မှာမှတ်ချက်ရေးပေးနော်။ကျေးဇူးပါပဲ။

Read more »

Facebook ဧ။်လုပ်ဆောင်ချက်များ


Facebook အသုံးပြုသူများ ဒါမှမဟုတ် မသိသေးသူများ ဖတ်သင့်တဲ့စာအုပ်ပါ။ Facebook ဆိုတာလေး မသိရင် အောက်ကျနေမှာ ဆိုးလို့နော်။ ဒီစာအုပ်မှာ အခန်း ၂၅ ခန်းပါဝင်ပါတယ်။ လူတိုင်းသိပေမယ့် Facebook ရဲ့လုပ်ဆောင်ချက်တိုင်းကိုတော့ ဖတ်ပြီးရင်သိလာမှာပါ။
အောက်မှာ Down လိုက်ဗျာ။

Read more »

ဘလော့ရေးချင်သူများအတွက်

ဘလော့ရေးနည်း မြန်မာလိုစာအုပ်လေးပါ။ စတင် လေ့လာသူ သူငယ်ချင်းများ အတွက် ရည်ရွယ်ပါသည်။အောက်မှာ ဒေါင်းနော်။ပြီးတော့ လေ့ကျင့် ။မရရင် comment ရေးနော်။  အခြေခံလောက်သိရင် နောက်အခြားအရာတွေသင်ပေးတာ အဆင်ပြေတယ်ဗျာ။

ဒီမှာဒေါင်းပါ
Read more »

Website လမ်းညွန် Facebook အသုံးပြုနည်း


File Size ကတော့ 6.6 MB လောက်တော့ရှိပါမယ်။ အမျိုးကောင်းသားဆိုဒ်ကနေ ပြန်လည် upload တင်ပေးထားခြင်းဖြစ်ပါတယ်။ အင်တာနက်အသုံးပြုတဲ့ လူငယ်မောင်မယ်များ စိတ်ဝင်စားတယ်ဆိုရင် အောက်က link ကနေ ယူသွားနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။ ဒီနေ့တော့ ဒီစာအုပ်နဲပဲ နုတ်ဆက်လိုက်ရပါတယ်။ လာလည်သူ ဘော်ဘော်များ စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

Download from mediafire
Download from Minus
Read more »

Designer တစ်ဦးနှင့် သူ၏ လက်ရာ Drawing များ



ပန်းချီကားတစ်ချပ်သည် ပန်းချီဆရာတစ်ဦး၏ အနုပညာ ဈာန်ဝင်စားမှုနှင့် ၄င်း ဖြန့်ကျက် တွေးတောနေသော အတွေးခံစားမှုများအား ပေါင်းစပ်ပြီး ဖွဲ့တည်လာခြင်း သဘောဆောင်ပေသည်။ တစ်နည်းအားဖြင့်  စိတ်သန္တာန်၏ လွတ်လပ်ဖွဲ့တည်လိုသော ဆန္ဒကို အနုပညာဖြင့် ကူးယူခံစားပြီး ကင်းဗတ်စတစ်ချပ်ပေါ်သို့ ခံစားချက် ပုံတူ ဆေးစက်များအဖြစ် ပြောင်းလဲလိုက်ခြင်းပင်ဖြစ်ပါသည်။ သို့ဆိုလျှင် Designer တစ်ဦး, ဗိသုကာတစ်ဦး အတွက်ဆိုလျှင် ၄င်းတို့ Drawing များသည် မည်သည့် သဘောဆောင်သည်ဟု ဆိုရပါမည်နည်း။ Designer တစ်ဦးအတွက် Drawing များသည်လည်း ပန်းချီဆရာများနည်းတူ အကောင်အထည် မရှိသေးသော ဒြပ်ဝတ္ထုများကို အသွင်ပုံစံအမျိုးမျိုးနှင့် ကောက်ချက်ချ စဉ်းစားပြီး ဖြစ်တည်လာမည်သာ။ Drawing တစ်ခုသည် Designer တစ်ဦး၏ အတွေးပြယုဂ်၊ စိတ်ကူးခြေရာတစ်ခု အဖြစ်သာမက ထိုDesigner၏ ခံစားမှုနှင့် အရည်အသွေးကို လှမ်းမျှော်ကြည့်ရှုနိုင်သော ပြတင်းပေါက်တစ်ခုလည်း ဖြစ်ပေသည်။ အနုပညာဆန်သော အတွေးအခေါ်များ အပေါ်တွင် အရင်းတည်သော်လည်း လက်တွေ့ အကောင်အထည် ဖော်ဆောင်ရဦးမည်ဖြစ်သောကြောင့် Designer များ၏ Drawing များသည် Technical Drawing များအဖြစ်လည်း ယှက်နွယ်နေမည်သာ ဖြစ်ပါသည်။ Designer တစ်ဦးအနေဖြင့် သူဖန်တီးလိုသော Design တစ်ခု သက်ဝင်လှုပ်ရှားလာစေရန် လုပ်ဆောင်ရသော Drawing များကို အကျယ်ချဲ့ လေ့လာရပါလျှင် ---
-x-x-x-x-x-x-

Fabulous Drawing



Designer တစ်ဦးအတွက် Drawing တစ်ခုရေးဆွဲဖို့ထက် Design Concept ရရှိလာစေဖို့သည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ကဗျာလေးတစ်ပုဒ်၊ တိမ်လွှာလေးတစ်စသည် အတွေးတစ်ထောင့်မှာ နူးညံ့သိမ်မွေ့သွားနိုင်သလို အားမာန်ပြည့်ဝလာနိုင်သည်။ မိမိ design concept ကို ဖော်ထုတ်နိုင်သော စွမ်းအားနှင့်သာ သက်ဆိုင်ပေလိမ့်မည်။ Fabulous Drawing များသည် Designerများအနေဖြင့် ၄င်းတို့၏ Design Concept များ စဉ်းစားတွေးတောရာတွင် အထောက်အပံ့ကောင်းများ ရရှိစေရန် အလို့ငှာ ရေးဆွဲလေ့ရှိကြသည်။ ပြီးပြည့်စုံသော Design တစ်ခု Drawing တစ်ခုအဖြစ် မရောက်ရှိသေးသော်လည်း စဉ်းစားမိသမျှ ရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ Perspective View တစ်ခုခု၊ Lighting, Color tone တစ်ခုခုအပေါ် အသားပေးပြီး မိမိ၏ Design Concept ကို ပိုမိုထင်ရှားအောင် ဖော်ပြလိုသည့်အခါများတွင် Fabulous Drawing များကို အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၄င်း Drawing များကို Visionary drawing များဟုလည်း ခေါ်ဝေါ်တတ်ကြသည်။ Fabulous Drawing များသည် Fine Art တစ်ခုခုအပေါ်တွင် အထူးအသားပေး ရေးဆွဲထားသော Drawing များဖြစ်ပါသည်။ ၄င်း Drawing များသည် Presentation Drawing တစ်ခုအဖြစ် ရောက်ရှိရန် ကြားအဆင့် တစ်ခုဖြစ်သောကြောင့် ၄င်းတွင် Proposition Drawing များ၏ ၀ိသေသ လက္ခဏာများစွာ ပါရှိလျက်ရှိပါသည်။ Fabulous Drawing များသည် Creative လုပ်နိုင်စွမ်းကို ပိုမိုဦးစားပေးတတ်ရာ တစ်ခါတစ်ရံတွင် လက်တွေ့နှင့် ကင်းကွာသွားသော အခြေအနေများအဖြစ်သို့ ရောက်ရှိသွားတတ်သည်ကိုလည်း အထူးဂရုပြုပေးရန် လိုအပ်ပါသည်။ Fabulous Drawing များသည် Design တစ်ခုအတွက် အလွန်စွမ်းအားရှိသော စိတ်ကူးဥာဏ်တို့ကို ပေးစွမ်းနိုင်သည်ဖြစ်သောကြောင့် Designer များအတွက် အရေးပါသော Drawing တစ်ခု ဖြစ်ပါသည်။

Experiential Drawing



Experiential Drawing များသည် Designer များ၏ အလေ့အကျင့် လေ့လာဆန်းစစ်မှုများနှင့် ပြန်လည် အသုံးချမှုတို့အပေါ် အခြေခံ၍ ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ပါသည်။ Designer များသည် ၄င်းတို့၏ ပင်ကိုယ်ဗီဇအရ သော်လည်းကောင်း၊ အလေ့အကျင့်အရသော် လည်းကောင်း ပတ်ဝန်းကျင် သဘာဝအပေါ်တွင် လေ့လာဆန်းစစ်မှု မြင့်မားတတ်ကြပြီး ထိုပတ်ဝန်းကျင်သဘာဝနှင့် လိုက်လျောညီထွေ ဒီဇိုင်းများကို ဖန်တီးယူနိုင်ကြသည်။ ဓါးတစ်ခုကို အမြဲထက်မြနေအောင် သွေးသကဲ့သို့ Designer များအတွက် ဒီဇိုင်းအတွေးတို့သည် အမြဲ ထက်ရှနေရန် လိုအပ်သည်။ အတွေးများ၏ အလေ့အကျင့်၊ လက်တွေ့လုပ်ငန်းခွင်၏ အတွေ့အကြုံများကို ပေါင်းစပ်၍ ဖြစ်တည်လာသော Designer များ၏ Sketch များသည် ၄င်းတို့၏ Experiential Drawing များတွင် ပိုမိုမြင်တွေ့ရတတ်သည်။ Desinger များ၏ Experiential Drawing များသည် လက်တွေ့တွင် Client များ၏ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ရသောအခါ လွန်စွာအရေးပါလာသည်။ Client တစ်ဦး၏ လိုအပ်ချက်များကို မိမိ၏ အတွေ့အကြုံ အတွေးအခေါ် လေ့လာသုံးသပ်လုပ်ဆောင်ခဲ့မှုများနှင့် နှိုင်းယှဉ်၍ ကောက်ကြောင်းများ အလိုက်သင့်ဆွဲသား ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်းသည် Designer များအတွက် အလွန် အရေးပါသော အရည်အချင်းဖြစ်သည်။ Designer တစ်ဦး၏ Experiential Drawing များကို လေ့လာသုံးသပ်၍ Designer တစ်ဦး၏ စဉ်းစားတွေးခေါ်ပုံများကို ကူးယူခံစားနိုင်ပါသည်။

Diagrams & Sketch



နှုတ်တစ်ရာ စာတစ်လုံးထက် သင်္ကေတတစ်ခုက ပို အဓိပ္ပါယ် ပြည့်ဝကြောင်းကို သိသာစေပါသည်။ သို့အတွက် Designer တစ်ဦးအနေဖြင့် အချို့နေရာများတွင် chart  များ၊ graph များကို Drawing အတွင်း ထည့်သွင်း၍ ရေးဆွဲဖော်ပြခြင်းဖြင့် မိမိဆိုလိုသော Design Concept ကို Client များအား ပိုမိုလွယ်ကူစွာ နားလည်စေနိုင်သကဲ့သို့ မိမိကိုယ်နှိုက်က ဒီဇိုင်းတစ်ခုကို အခြေခံမှ စဉ်းစားရသောအခါ step by step အဆင့်များဖြင့် လိုအပ်သော function များကို စနစ်ကျစေပါသည်။ ထို့ကြောင့် Diagram များသည် Designer များအတွက် အလွန် အရေးပါသော Drawing Type တစ်မျိုးဟု ခေါ်ဆိုနိုင်ပါသည်။ အထူးသဖြင့် Bubble Diagram များသည် Designer များအတွက် Thinking Problem များ၊ Architecutre Plan များကို ဖော်ပြရာတွင် အလွန် အသုံးဝင်ပါသည်။ Diagram များသည် လက်တွေ့ဒီဇိုင်း အဆင့်ဆင့်အတွက် အခြေခံလေ့ရှိပြီး ထိုကဲ့သို့ Diagram များဖြင့် ဖော်ပြခြင်းသည် စကားလုံးများစွာ အတွေးများစွာကို ချုံ့ယူဖော်ပြခြင်းဖြစ်သောကြောင့် ဆိုလိုရင်း အရင်းအမြစ်ကို လက်တွေ့တွင် မှန်ကန်စွာရောက်ရှိအောင် စွမ်းဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ Diagram ကဲ့သို့ပင် Designer များနှင့် ကွဲကွာ၍ မရသောအရာမှာ Sketching ဖြစ်ပါသည်။ Sketch များသည် Designer များ၏ အတွေးထောင့်တစ်နေရာတွင် ဖြစ်ပေါ်လာသော Idea တစ်ခုကို သူတို့၏နှလုံးသားမှ ဆွဲထုတ်ခေါ်ဆောင်ပေးလာသည်။ ဥပမာ အားဖြင့် Designer တစ်ဦးသည် မိမိ၏ အတွေ့အကြုံ လေ့လာဆန်းစစ်မှုများပေါ် အရင်းတည်၍ sketch ကောက်ကြောင်းများဖြင့် Design Layout များကို စတင်ဆွဲသားလေ့ ရှိကြသည်။ ၄င်းမှ လိုအပ်သည်များကို ညှိနှိုင်းပြီး  Conceptural Drawing တစ်ခုကို စတင်ဖန်တီးရပါသည်။ ၄င်းသည် အတွေးကို လက်တွေ့ တည်ဆောက်လိုက်သော ပထမဦးဆုံး Drawing လည်း ဖြစ်ပါသည်။ Architectural Design များအတွက် Layout Plan သည် အခြေခံအကျဆုံးဖြစ်ပြီး အချိန်လည်း ပိုယူရလေ့ရှိပါသည်။ Interior Design များအတွက်မူ Perspective View အမျိုးမျိုးနှင့် ဖန်တီးမှုများ ပိုပြီးအနုစိတ်လာပါမည်။  Designer ၏ Conceptual Drawing များသည် Client များနှင့် ညှိနှိုင်းပြီး Confirm ဖြစ်ပါမှ နောက် Drawing များအား ဆက်လက် ဖန်တီးနိုင်မည် ဖြစ်ပါသည်။

Consultation Drawing



Designer တစ်ဦး၏ Conceptual Drawing သည် Client ဖက်မှ Confirm ဖြစ်စေရန် Consultating Drawing များအဖြစ် ပြင်ဆင်ပေးရန် လိုအပ်ပါသည်။  Consulation Drawing များသည် Presentation Drawing များ၏ အပိုင်းကဏ္ဍခွဲတစ်ခု ဖြစ်ပါသည်။ Consultation Drawing များသည် Presentation Drawing များကဲ့သို့ပင် Designer နှင့် အလုပ်အပ်နှံသူ Client များကို ဆက်စပ်ပေးပါသည်။ သို့သော် Consultation Drawing များသည် Presentation Drawing များကဲ့သို့ ပြီးပြည့်စုံသော Drawing များ မဖြစ်သောကြောင့် ၄င်း Drawing အတွင်းတွင် ညှိနှိုင်းရန်၊ ဆွေးနွေးရန်၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို အဓိက Highlight ပြထားရမည် ဖြစ်ပါသည်။ ၄င်း Drawing၏ အဓိက လုပ်ဆောင်ချက်ကပင် Client များ၏ မသေချာ မရေရာသေးသော ဆုံးဖြတ်ချက်များကို ဖြည့်စွက်ဖြည့်ဆည်းပေးရန်နှင့် တစ်ဖက်တွင်လည်း Designer များ၏ ဒီဇိုင်း မခိုင်မာ မရောရာသေးမှုအား သုံးသပ်ဆွေးနွေးရန် ဖြစ်ပါသည်။ အတွေးတစ်စအတွက် စကား အခွန်းပေါင်းများစွာ ဆွေးနွေးခြင်းထက် Drawing တစ်ခုဖြင့် ညှိနှိုင်းခြင်းသည် အဖြေတစ်ခုကို တိကျလျင်မြန်စွာ ရရှိနိုင်စေသည် မဟုတ်ပါလား..။ ထို့ကြောင့် Consultation Drawing များသည် ပြီးပြည့်စုံသော Presentation Drawing များဖြစ်ပေါ်လာစေရန် များစွာအထောက်အပံ့ ပေးလျက်ရှိနေပေမည်။

Presentation Drawing



Presentation Drawing များသည် Designer တစ်ဦး၏ အရည်အသွေးကို ဖော်ပြရာတွင် အလွန် အရေးပါသော Drawing တစ်မျိုးဖြစ်ပါသည်။ ၄င်း Drawing များသည် Designer တစ်ဦးအား ၄င်းကို အလုပ်အပ်နှံသူ Clientတို့အကြား ဆက်စပ် နားလည်မှု ပေးသည့်အပြင် ၄င်း Drawing အတွင်း Designer တစ်ဦးအနေဖြင့် ၄င်းအား အလုပ်အပ်နှံသူ Client၏ လိုအပ်ချက် များအပေါ် မည်၍မည်မျှ အဆင်ပြေအောင် ဆောင်ရွက် ပေးထားကြောင်းကိုလည်း သိရှိနိုင်ပါသည်။ ၄င်း Drawing သည် Client ၏ လိုအပ်ချက်များနှင့် Designer ၏ ဖြည့်ဆည်းချက်များသည် ကျိုးကြောင်းညီညွှတ် ကိုက်ညီမှု ရှိ, မရှိကိုလည်း ချိန်ညှိပေးပါသည်။ Designer ၏ ဆောင်ရွက်ချက်များကို ၄င်း၏ Presentation Drawing အပေါ်တွင် Client အနေဖြင့် သုံးသပ်နိုင်ပြီး မည်သည့်အရာဖြင့် မိမိ လိုအပ်ချက်များနှင့် ကွဲလွဲနေကြောင်း၊ မည်သည့်အရာကိုဖြင့် မိမိအနေဖြင့် ထပ်မံ ဖြည့်စွက်လိုကြောင်းကို Client မှ ပြန်လည် ဆွေးနွေးနိုင်စေပါသည်။ Designer တစ်ဦးတင်ပြသော Presentation Drawing သည် ၄င်းကို အလုပ်အပ်နှံသူ Client ၏ စိတ်ကျေနပ်မှု ရှိ,မရှိအားဆုံးဖြတ်နိုင်ခြင်းသည် အဓိကကျသောကြောင့် ၄င်း Drawing အပေါ်မူတည်၍ Designer များ၏ အရည်အသွေးကို လွယ်ကူစွာ ကောက်ချက်ချနိုင်ပါသည်။ Presentation Drawing သည် အမြင်အာရုံ ပြယုဂ် တစ်ခုအပေါ်တွင် မှီငြမ်းတည်ရှိနေခြင်း ဖြစ်သောကြောင်း ၄င်း Drawing အရည်အသွေးကောင်းမွန်စေဖို့သည် Designer တစ်ဦးတည်းတွင်သာမက ထို Designer ၏ လိုအပ်ချက်များကို ရုပ်လုံးကြွအောင် ဖန်တီးပေးသော Visualizar များ၏ အရည်အချင်းအပေါ်တွင်လည်း မူတည်လျက်ရှိပါသည်။ စိတ်ကူးယဉ်ဆန်ဆန် အလှအပများနှင့် ကြည့်ကောင်းရှုပျော် Visulization ရုပ်ပုံများထက် လက်တွေ့နှင့် နီးစပ်သော Visulization များကို Designer များအနေဖြင့် တာဝန်ယူ ဖန်တီးသင့်ပေးသည်။ သို့မှသာ လက်တွေ့တွင်လည်း မိမိ၏ဒီဇိုင်းအတိုင်း final result ကို ရရှိမည် ဖြစ်ပါသည်။ Client တစ်ဦး၏ လက်တလော စိတ်ကျေနပ်မှုနှင့် အထင်ကြီးမှုကို ဦးစားပေး၍လုပ်ဆောင်လျှင် တစ်သက်တာကျန်ရှိမည့် မိမိဒီဇိုင်း၏ ကွဲလွဲချက်များကို ရင်ဆိုင်ရပေမည်။ မည်သို့ဖြစ်စေ Presentation Drawing များသည် Designer များအတွက် အဓိက အရေးပါသော Drawing များဖြစ်ကြောင်းကိုတော့ ငြင်းဆန်၍ရမည် မဟုတ်ပါပေ။

Proposition Drawing

Proposition Drawing များသည် Designer များအနေဖြင့် Design Process တစ်ခုလုံးအပေါ် ရှုထောင့်အဖုံဖုံမှ တွေးတောစဉ်းစားဖန်တီးရာတွင် အဓိက ကျပါသည်။ Designer တစ်ဦးသည် Design တစ်ခု၏ “က”ကြီးမှ “အ” အထိဖြစ်ပေါ် ပြောင်းလဲလာပုံများသည် အတွေးထဲမှာတင်မဟုတ်၊ လက်တွေ့သို့ တဆင့်ချင်း ဖြစ်ပေါ် ပြောင်းလဲလာပုံများအား အခြားသူတို့အား ရှင်းလင်းတင်ပြပေးရန်လည်းကောင်း၊ Design တစ်ခု ဖန်တီးနေစဉ်အတွင်း ဖြစ်ပေါ်လာသော Design Problem များအား အပိုင်းလိုက် ခွဲခြားဖြေရှင်းရန်လည်းကောင်း Proposition များအား အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် Proposition Drawing များကို Design Drawing များဟုလည်း ခေါ်ဝေါ်တတ်ပါသည်။ Design Concept တစ်ခုလုံးကို ထိထိမိမိ အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ သတ်မှတ်ထားသော Standard များအတွင်းလည်း ၀င်ရောက်ရန် ပြင်ဆင်ပေးဖို့ လိုပါသည်။ Detail Measurement များ၊ Material ရွေးချယ်မှုများ အမျိုးမျိုးကို Adjust လုပ်ပြီး မတူညီသောလမ်းကြောင်း မတူညီသော အတွေးများဖြင့် Design တစ်ခုအပေါ် အမျိုးမျိုးအထွေထွေ ခွဲခြားသုံးသပ်ပုံအဆင့်ဆင့်ကို Proposition Drawing တွင် တွေ့ရှိနိုင်ပါသည်။ စင်စစ် Proposition Drawing များသည် Design တစ်ခုအား Laboratory တစ်ခုအတွင်း ဖန်တီးယူ လေ့လာဆန်းစစ်သကဲ့သို့သော သဘောဆောင်ပါသည်။ Proposition Drawing များကိုလေ့လာလျှင် Designer တစ်ဦး၏ ဖန်တီးစိတ်ကူးခဲ့သော အတွေး၊ လုပ်ဆောင်လေ့ရှိသော အမူအကျင့်နှင့် သူတို့၏ သုံးသပ်ခံစားမှုများကို လက်တွေ့ကျကျ သိရှိနိုင်ပါသည်။

Instruction Drawing

Designer များ ဖန်တီးရေးဆွဲလိုက်သော Presentation Drawing များအား Client များဖက်မှ Confirm ဖြစ်လာလျှင် လက်တွေ့လုပ်ငန်းခွင်အတွက် Working Drawing များ ပြင်ဆင်ပေးရန် လိုအပ်လာပါသည်။ အခြား Drawing များနှင့်မတူ တစ်မူကွဲပြားသော Instruction Drawing များသည် Designer များနှင့် ၄င်းတို့၏ Design Team မှ အခြား member များကိုသော်လည်းကောင်း၊ ၄င်းတို့၏ Design ကို အကောင်အထည်ဖော် တည်ဆောက်ပေးမည့် Contractor များ၊ Supplier များ၊ Engineer များကိုသော်လည်းကောင်း ဆက်စပ်နားလည်စေမည့် သင်္ကေတ လမ်းညွှန်ချက်များဖြင့် ဖွဲ့စည်း ရေးဆွဲထားပါသည်။ သို့အတွက် Instruction Drawing များသည် technical term များဖြင့် အထူး ဦးစားပေး ရေးဆွဲလေ့ရှိပြီး တာဝန်လည်း ကြီးပါသည်။ ၄င်း Instruction Drawing များကို ကြီးမား ရှုတ်ထွေးသော Project များတွင် အဓိက အသုံးပြုလေ့ရှိသည်။ Instruction Drawing များသည် ဒီဇိုင်းတစ်ခု၏ အလှအပထက် လက်တွေ့ လုပ်ဆောင်ရန် တိကျသေချာသော အသေးစိတ်သဘောကို ဖော်ဆောင်ရသည် ဖြစ်သောကြောင့် ၄င်း Drawing အတွင်း သေးငယ်သော သင်္ကေတတစ်ခု လမ်းညွှန်ချက်တစ်ခု ဖြစ်ပါစေ အထူး ဂရုစိုက်ရန် လိုအပ်ပါသည်။

Calculation Drawing

Calculation Drawing များသည် Proposition Drawing များအား တွက်ချက်ရေးအတွက် အထူးတလည် ပြုပြင် ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဥပမာ- ခေါင်မိုးတစ်ခု၏ အချိုးအတွက် အမြင့်ဘယ်လောက်၊ အစောင်းဘယ်လောက် စသည်ကို လွယ်လင့်တကူ သိရှိရန်နှင့် လှေကားတစ်ခုအချိုးအတွက် အလျား, အနံ, အမြင့်များကို တွက်ချက်ရန် Detail Measurementများ၊ Fixed Material များ၊ Construction Methodများ၊ Construction Time & Management များနှင့် Quotation အတွက် ပြင်ဆင်ပေးထားသော Drawing များဖြစ်ပါသည်။ Drawing တစ်ခုသည် အမြင်အားဖြင့် အဆင်ပြေသည်ဟု ထင်ရပါသော်လည်း လက်တွေ့တွင် အမြင်သွေဖယ်မှုကြောင့် သော်လည်းကောင်း၊ သတ်မှတ်ထားသော Standard များ မမှီမှုကြောင့်သော်လည်းကောင်း အဆင်မပြေမှုများ ရှိတတ်သည်။ ထို့ကြောင့် Design တစ်ခုသည် အလှအပ ပြည့်စုံရန်သာမက လက်တွေ့အသုံးဝင်ရန် မှန်ကန်ဖို့လည်း လိုအပ်ပါသည်။ ထိုကဲ့သို့ လက်တွေ့တည်ဆောက်ရေးအတွက် ပြင်ဆင်ထားသော Drawing များအား Calculation Drawing ဟု ခေါ်ဝေါ်ပါသည်။ Working Drawing ဟုလည်း ခေါ်ဆိုကြသည်။
Read more »

Wednesday, September 26, 2012

Mechanical engineering E books collections(148 Files)


ဒီစာအုပ်တွေကို မြန်မာအင်ဂျင်နီယာဖိုရမ် မှ ကိုအေးကျော်ထူး ဆီမှ ရရှိပါတယ်။ Mechanical engineering နဲ့ပက်သတ် တာတော်တော် ပြည်စုံတဲ့ စာအုပ်တွေဗျာ။ Strength , thermodynamic, theoryof Machine, Design , CAD ,Fluid, engineering mathematic,Material Science , Finite Element Analysis, Hand book of mecahnical engineering စသဖြင့် အကြောင်းအရာ စုံစုံလင်လင် ဖတ်ရှုနိုင်မှာ ဖြစ်တယ်။သူငယ်ချင်းတွေ
 စာအုပ်အားလုံး ကို တနေရာထဲမှာ တစုတဝေးထဲ download လုပ်နိုင်ပါတယ် ။စာအုပ်က အများကြီးနော်။16 မျိုးပဲတွေ့လို့ 16 အုပ်လို့မထင်နဲ့။ အဲဒီအောက်မှာ အများကြီးရှိသေးတယ်။ဖတ်ရှုကြပေါ့ဗျာ။

  1. CAD,CAM
  2. Engineering Mathematic
  3. Finite Element Analysis
  4. Fluid Mechanic
  5. Hand book of mechanical
  6. Heat Transfer
  7. Machine Design
  8. Material Science
  9. Mechatronic
  10. Metrology
  11. Production Technology
  12. Strength of Material
  13. Theory of Machine
  14. Thermodynamic
  15. Turbomachine
  16. Vibration
Read more »

Cummins Engine များတွင်အသုံးပြုသည့် PT pump တစ်လုံးဧ။် အခြေခံတည်ဆောက်ထားပုံနှင့် အလုပ်လုပ်ပုံအကြောင်း

Read more »

Sunday, September 16, 2012

Technological University (Pathein)
Welcome to Technological University (Pathein)

  Technological University (Pathein) is situated at the Apin-ne-se village which is in Pathein District, the Ayeyawady Division, Myanmar. It was opened on 27th December 1999. The area of Technological University (Pathein) is 27.43 arecas.

Objectives

 
Pathein Technological University was established
 
  • with the aim of turning out skilful and proficient engineers
  • with the aim of enhancing successful implementation of development programmes in Science and Technology.
 
ImageImageImage
Read more »

gmail အကောင့်လုပ်ပေးမည်

ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများသည် gmail account မရှိကြ လျင် အကောင့်လုပ်ပေးမည် ဖြစ်သည်။ comment ရေးထားပါက တစ်ပတ်အတွင်း လုပ်ပေးမည်။ patheintechnologicaluniversity@gmail.com သို့ ပို့၍ အကောင့်တောင်းနိုင်သည်။ အခကြေးပေးရန် မလိုအပ်ပါ။ ဒါပေမယ့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသူကျောင်းသား ဖြစ်ရမည်။ လူကိုယ်တိုင် လာရောက် ပြောရမည်။ ကျောင်းသားကဒ် ပြရမည်။ ဒါမှမဟုတ် စကမ်ဖတ်၍ အထက်က mail သို့ ပို့နိုင်သည်။

Read more »

Friday, September 14, 2012

A+ Seventh Edition စာအုပ်

 


ကွန်ပျူတာကိုဘာကနေ စလေ့လာရင်ကောင်းမလဲဆိုသူများအတွက် hardware အကြောင်းတွေ Windows Tool တွေကို လေ့လာဖို့ ပြောချင်ပါတယ်။ ကိုယ်သုံးနေတဲ့ စက်ကို တကယ်လက်တွေ့နားလည်းဖို့က အဓိက ကျပါတယ်။ Programming ကိုစမလေ့လာခင် မိမိအသုံးပြုနေတဲ့ ကွန်ပျူတာတစ်လုံးကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတက်ဖို့ လိုအပ်ပါတယ်။ လေ့လာသင်ယူပြီး စာလည်းများများဖတ်ရပါလိမ့်မယ်။ ဆရာဇော်လင်းရေးထားတဲ့ စာအုပ်တွေကိုလည်း တင်ပေးပါအုန်းမယ်။ အောက်မှာ Link ပေးထားပါတယ်။ down လိုက်ပါခင်ဗျာ။EC တွေ အတွက်အသုံးဝင်မယ်လို့ ထင်ပါတယ်။

Download
Read more »

Computer connector များအကြောင်း

 


အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..

PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..

Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..

ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်)
Read more »

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ

အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား။
ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။
စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။
ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။


ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ
အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား။ ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။ မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။




Read more »

Pathein Technological University

ကျွန်တော့်တို့တက္ကသိုလ်အကြောင်း သိပ်ထွေထွေထူးထူး မပြောလိုပါဘူး ပြောချင်တာတစ်ခုက ကျွန်တော့်တို့တက္ကသိုလ်က ထွက်သမျှ ကျောင်းသားကျောင်းသူလိုလို စာရေးဆရာ ကဗျာဆရာ အဆိုတော် တေးရေးဆရာတွေ ဖြစ်ကုန်တာ တွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် နည်းပညာကျောင်းသားတွေ နည်းပညာနှင့် အဆက်အသွယ် မပြတ်စေရန်သော်လည်းကောင်း ၊ နည်းပညာနှင့် ပတ်သက်သော အခြားအကြောင်းအရာများကို နက်နက်နဲနဲ သိစေလိုစေရန်အတွက်သော်လည်းကောင်း ဒီ ပုသိမ်နည်းပညာတက္ကသိုလ် blog ကို ရေးသားခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတိုင်း အလိုရှိရာ အကြောင်းအရာများကို သိရင်ပြောကြားခြင်း ၊ မသိရင် သိသူများအား လိုက်လံမေးခြင်းဖြင့် အခက်အခဲကို ဖြေရှင်းပေးမည် ဖြစ်ပါသည်။ နည်းပညာနှင့် ပတ်သက်သောအကြောင်းများနှင့် အခြားသိအပ်သော အကြောင်းအရာများကို ရေးသားသွားမည် ဖြစ်ပါကြောင်း ပြောဆိုအပ်ပါသည်။ ပုသိမ်နည်းပညာတက္ကသိုလ် သည် ပုသိမ်မြို့နှင့် 7 မိုင်ကျော်ဝေးပြီး ကံကုန်းအနားတွင်တည်ရှိသော ကန်ကြီးထောင့်အပိုင် နယ်မြေထဲတွင် တည်ရှိပါသည်။ မီးရထားလမ်း၏ တစ်ဘက်တွင် ရှိသည်။ အနောက်ဘက်တွင် စိမ်းမြမြလယ်ကွင်းပြင်တွေ ရှိပါသည်။ ကျောင်းကြီးသည် အလွန်လွတ်လပ်စွာ သွားလာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လာကြည့်မှသိပေလိမ့်မည်။ ထိုသို့ မြို့နှင့် ဝေးလံစွာ လာရောက်သင်ယူကြသော ကျောင်းသားကျောင်းသူများ ဗဟုသုတအမြင်များ ရရှိဖို့အတွက် ဒီဆိုဒ်ကလေးက ကူညီပေးမည်ဖြစ်ပါသည်။
Read more »

Friday, September 7, 2012

Electrical Engineering Software


ဖတ်ကြည့်ပါ ပြီးရင်လုပ်ကြည့်ပါ forum တစ်ခုလည်ပတ်ပြီးရလာတာပါ
  • Power Calc PaK is electrical engineering software that designs the power distribution system in a building. For use by professionals in the building / construction industry.
  • SiliconExpert - search 185 Million electronic components for cross reference, lifecycle, parametric, environmental & inventory data.
  • Parkers Engineering features electrical / electronic forumulas software.
  • Designerswest is a technical publisher / distributor of practical engineering/scientific calculation software and reference handbooks for students, designers, engineers, architects and educators.
  • XFusion Software allows a digital design engineer the capability to quickly and effectively draw digital timing diagrams.
  • EMI Software develops electromagnetic interference prediction software for electronics designers and engineers.
  • Electrist is an electrical & electronic engineering calculator for the Palm OS.
  • Dolphin's Software has Volts, a full-featured electricican's calculator licensed by the NFPA NEC, as well as Conversions, an extremely accurate unit conversion calculator.
  • LabVIEW software from National Instruments - the most widely used software for test, measurement, and control.
  • SureCount - the world's first symbol recognition software designed for the construction industry.
  • Arbitrary Transmission Line Calculator - CAD package for the design and analysis of electrical transmission lines and directional couplers of totally arbitary cross section.
  • VIA Development Corporation provides AutoCAD and AutoCAD LT based electrical controls design software. Automatic generation of BOM's, wire lists, etc.
  • FMEA Software - FMEA-Pro is a Failure Modes and Effects Analysis software for manufacturers of Automotive, Electronic, Aerospace, Defense and Manufacturing products.
  • Circuit Magic is educational software showing circuit calculations using Kirchhoff's laws, Node Voltage and Mesh Current methods.
  • Dromey Design has powerful, accurate, and easy-to-use electrical analysis software.
  • VHDL Test Bench Tool - generates test benches that are both low-cost and unlike other tools not constraining.
  • SynaptiCAD is your source for cutting edge timing analysis and VHDL & Verilog generation and simulation software.
  • netCOMPONENTS Electronic Component Sourcing Database - contains billions of parts from hundreds of stocking distributors worldwide! Multilingual site has free demo.
  • PartMiner - The world's best way to search the internet for electronic components.
  • Siborg Systems - Educational and Research software for Electrical Engineering Students.
Read more »

Thursday, September 6, 2012

Theory of Machines


Mechanical Engineer တစ်ယောက် မဖြစ်မနေ သိသင့်တဲ့ စာအုပ်တစ်အုပ်ကို ကံအားလျော်စွာပဲ gigapedia.org ကနေ ရလိုက်ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလို စာအုပ်မျိုး တစ်အုပ် ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် ဒီစာအုပ်လောက် မစုံလင်ပါဘူး။ Visual effect တွေနဲ့ မြင်သာအောင် ရေးသား တင်ပြထားတာ ဖြစ်တဲ့အတွက် အင်မတန် ကောင်းတဲ့ စာအုပ်လို့ ပြောပါရစေတော့။ ကောင်းတာလေးတွေကို မျှဝေပေးချင်တဲ့ စေတနာကြောင့် ချက်ချင်း ဝေမျှလိုက်တာ ဖြစ်ပါတယ်။ စာအုပ်လေးကို ဒီနေရာမှာ ရယူနိုင်ပါတယ် ခင်ဗျား။
Review
    Governor တွေကို အမျိုးအစားအားဖြင့် Centrifugal type၊ Spring type စသဖြင့် အသေးစိတ် ရှင်းလင်း တင်ပြထားပါတယ်။ အသုံးဝင်ပုံ၊ Control ပြုလုပ်ပုံ စတာတွေကို သီအိုရီ၊ Calculation တို့နှင့် တကွ လွယ်ကူအောင် ဓာတ်ပုံများ၊ ဖြတ်ပိုင်းပုံ နှင့် free diagram ပုံများ အသုံးပြု၍ ကျောင်းသားများ မြင်သာအောင် တင်ပြထားတာ တွေ့ရပါတယ်။
     Balancing အပိုင်းမှာလည်း Static Balancing၊ Dynamic Balancing စသဖြင့် ခွဲခြား ရှင်းပြထားပါတယ်။ တစ်ခုခြင်းစီရဲ့ ထူးခြားတဲ့ အချက်တွေ၊ သီအိုရီ၊ တွက်ချက်မှုများကို Single Plane၊ Multi Plane တို့တွင် တွယ်ချိတ်ထားသော Mass များကို how to balance ဖြစ်ရန် Vector Methods များနှင့် တကွ အခြေခံကျကျ ရှင်းလင်းထားပါသည်။     
download link 
Read more »