Wednesday, October 17, 2012

CPU မီးလောင်နိုင်သလား (သို့) for Hardware Temp.

Image Hosting by Picoodle.com

မိမိစက်ရဲ့ အပူချိန်နဲ့ အလုပ်လုပ်နေရတာကိုတော့ လူတိုင်း သိချင်ကြမှာပဲ။ ကြည့်လည်း ကြည့်နေသင့်တယ်လေ။ စက်မပိတ်မိတာ ဘယ်လောက်ကြာပြီလဲ စက်ဘယ်လောက်ပူနေပြီလဲတော့ ပြန်ကြည့်သင့်ပါတယ်။ ဒါက အရေးအကြီးဆုံး PC ထိန်းသိမ်းမှုတစ်ခုပါပဲ။ အရေးအကြီးဆုံးကတော့ CPU ပေါ့ဗျာ ။ ဘယ်လောက်အထိ အပူခံနိုင်လဲလို့ တော့ အတိအကျ ပြောလို့မရဘူးလေ။ မကြောက်တတ်ရင်တော့ သုံးပေါ့ ။ CPU Temperature 60ံC ကို မကျော်တာအကောင်းဆုံးပါပဲ။ 60 ကျော်သွားရင် CPU ရဲ့ သက်တမ်းလျှော့ချနေတာနဲ့ တူတူပါပဲ။ CPU အပူချိန်သိနိုင်တဲ့ Software တွေ အများကြီးရှိပါတယ်။ အောက်မှာ ပေးထားတဲ့ Core Temp ဆိုတဲ့ Software လေးကလည်း Freeware ဖြစ်တဲ့အပြင် တိကျတဲ့အတွက် အားကိုးရပါတယ်။

Download: Core Temp 0.99.3

ကွန်ပျူတာနဲ့ သိပ်မရင်းနှီးတဲ့လူတွေ မသိကြလောက်ပါဘူး။ Processor Melt ဆိုတဲ့ CPU အရည်ပျော်ကျမှု အကြောင်းလေ။ CPU တွေကို အပူဒဏ်ခံနိုင်အောင် Heat sink လို့ခေါ်တဲ့ အပူစွန့် ကရိယာတွေ တပ်ဆင်ရပါတယ်။ အခုအခေါ်ကတော့ Cooler ပေါ့။ Active Heatsink နဲ့ passive Heatsink ဆိုပြီး ရှိပါတယ်။ လွယ်လွယ်ပြောရင်တော့ အပေါ်က ပန်ကာပါတာက active ပေါ့ဗျာ။ အတိအကျဆိုရင်တော့ လျှပ်စစ်လိုတဲ့ အအေးခံ ပစ္စည်းတစ်ခုပေါ့။ Asus က နောက်ဆုံးထုတ်ထားတဲ့ Water-cooling ကလည်း active heatsink ပဲဖြစ်ပါတယ်။(အခုနောက်ပိုင်း CPU အတွက် Active heatsink တွေပဲ အသုံးပြုကြပြီး North Bridge နဲ့ South Bridge တွေအတွက် main board မှာ passive haetsink တွေ တပ်ပေးပြီးသားတွေ့ဖြစ်ပါတယ်) Active Heatsink က အပူစွန့်နိုင်မှု ပိုကောင်းပေမယ့် ပန်ကာ ရပ်နေခဲ့ရင် CPU Melt အတွက် စိုးရိမ်ရပါတယ်။ ပန်ကာက ဖုန်မှုန့်တွေကြောင့်လည်း ရပ်တန့်တတ်ပါတယ်။ အဲဒီအတွက် Fan ရဲ့ လည်ပတ်နှုန်းကိုလည်း ကြည့်ပေးရပါတယ်။ အဲဒါမသိခဲ့ရင်တော့ ဖြစ်တတ်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်ခဲ့ဘူးပါတယ်။ (အောက်မှာ တကယ် CPU လောင်မလောင် စမ်းပြထားပါတယ်။ youtube ထဲက ဗီဒီယိုဖိုင် တစ်ခုပါ။ ကြည့်လို့ မရတဲ့ သူတွေအတွက် Download လုပ်ပြီးကြည့်နိုင်အောင် Zshare က တင်ပေးထားပါသေးတယ်)


Image Hosting by Picoodle.comImage Hosting by Picoodle.com



Download This Video File : Zshare

CPU ရဲ့ အပူချိန်တစ်ခုထဲ ကြည့်နေလို့ မရတဲ့အတွက် အပေါ်က Core Temp တစ်ခုထဲနဲ့ မလုံလောက်တော့ဘူးလို့ ထင်ပါတယ်။ အဲဒီအတွက် HW Mornitor ဆိုတာလေး သုံးကြည့်လိုက်ပါတယ်။ portable ပဲ ဖြစ်ပြီး သိချင်တဲ့အချိန် Double click လေးနဲ့ ကြည့်ရုံပါပဲ။ Virus ပြချင် ပြပါလိမ့်မယ်။ Allow ပေးလိုက်ပါ။ အန္တရာယ်မရှိပါဘူး။

HWMonitor 1.12 (32-bit)

HWMonitor 1.12 (64-bit)

Image Hosting by Picoodle.com


ကြည့်တာနဲ့ ဘာတွေလဲ သိမှာပါနော်။ ပုံတွေလည်းပါတာပဲ။ လေရှည်မနေတော့ပါဘူး။ CPU အမြန်နှုန်းမြှင့်ဖို့ Over Clock လုပ်လို့ ရပေမယ့် အပူချိန်လည်း လိုက်မြင့်လာပါတယ်။ Core Voltage ကို လိုက်တင်ပေးရင်တော့ အပူချိန် လျှော့သွားပါတယ်။ ဒါပေမယ့် Core Voltage မှားပေးမိရင် CPU ကို ဖျတ်ဆီးတာပါပဲ။ ကျနော်ရေးသမျှလိုက်လုပ်ကြတဲ့ လူတော်တော်များပါတယ်။ မကျွမ်းကျင်မှုတွေ၊ စိတ်မရှည်မှုတွေနဲ့ စမ်းသပ်လိုက်ရင် ဆုံးရှူံးမှုက မနည်းဘူးဗျ။ အဲဒါကြောင့် CPU Over clock ကိုတော့ မရေးတော့ဘူးနော်။ CPU နဲ့ မိမိ ကွန်ပျူတာ Hardware များကို Temperature ထိန်းသိမ်းရင်း ဒီပို့စ်လေးကို ကျေနပ်နိုင်ကြပါစေဗျာ ....


from ko thanlonnge

No comments:

Post a Comment